ဒီတစ်ခါ Photoshop သင်ခန်းစာလေးတစ်ခု သင်ပေးလိုက်ပါတယ်.,။ ဒီသင်ခန်းစာလေးက ဖြူမဲဓာတ်ပုံဟောင်းတွေကို အရောင်ပြန်ထည့်ချင်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်။

ဒါကတော့ မူရင်းပုံလေးပါ။ သင်ခန်းစာကို လိုက်လုပ်နိုင်ဖို့အတွက် ထည့်ပေးထားတာပါ။
၁။ ပထမဆုံးအနေနဲ့ မိမိအရောင်ထည့်မယ်ပုံက Gray သို့ Blacke and Whike ဖြစ်နေရင်
Image Menu >> Mode >> RGB Mode ကိုပြောင်းပါ။

၂။ အောက်အခင်းကို အရောင်ထည့်ဖို့အတွက် Select လုပ်ပါ.
၃။ အရောင်ထည့်ရန်အတွက် Image Menu >> Adjustments >> Hue/Saturation (သို့) Ctrl+U ကိုနှိပ်ပါ။ ပြီရင် အောက်ပါအတိုင်း တန်ဖိုးဖြည့်ပြီး OK နှိပ်ပါ.
၄။ နောက်ခံကို select လုပ်ပန်းပွင့်လေးတွေကို Select လုပ်ပါ။ Feather တန်ဖိုး Spixels ပေးပါ။ အရောင်ထည့်ရန်အတွက် Image Menu >> Adjustments >> Hue/Saturation (သို့) Ctrl+U ကိုနှိပ်ပါ။ ပြီရင် အောက်ပါအတိုင်း တန်ဖိုးဖြည့်ပြီး OK နှိပ်ပါ.
၅။ ပန်းပွင့်လေးတွေကို select လုပ်ပန်းပွင့်လေးတွေကို Select လုပ်ပါ။ Feather တန်ဖိုး Spixels ပေးပါ။ အရောင်ထည့်ရန်အတွက် Image Menu >> Adjustments >> Hue/Saturation (သို့) Ctrl+U ကိုနှိပ်ပါ။ ပြီးရင် အောက်ပါအတိုင်း တန်ဖိုးဖြည့်ပြီး OK နှိပ်ပါ.
၆။ သစ်ရွက်လေးတွေကို select လုပ်ပန်းပွင့်လေးတွေကို Select လုပ်ပါ။ Feather တန်ဖိုး Spixels ပေးပါ။ အရောင်ထည့်ရန်အတွက် Image Menu >> Adjustments >> Hue/Saturation (သို့) Ctrl+U ကိုနှိပ်ပါ။ ပြီးရင် အောက်ပါအတိုင်း တန်ဖိုးဖြည့်ပြီး OK နှိပ်ပါ.
ဒီပုံလေးကိုလိုက်လုပ်ကြည့်လို့ အဆင်ပြေတယ်ဆိုရင် တခြား ဖြူ/မဲ ပုံလေးတွေကိုရော စမ်းသပ်ပြုပြင်ကြည့်စေချင်ပါတယ်။ Hue/Saturation မှာထည့်တဲ့ တန်ဖိုးတွေကို မိမိအမြင်နဲ့ ထည့်ပြီး စိတ်ကြိုက် ချိန်ညှိရယူပါ။
ပုံသေမှတ်ထားမှာ စိုးလို့ပြောတာပါ ဆရာလုပ်တယ်မထင်ပါနဲ့။ အမှားပါရင်လည်း ထောက်ပြကြပါဦး..။
အဆင်ပြေပါစေ..
ဦးလှိုင်ကျော်ထွန်း












