လောကလူ့ ရွာ ဖြစ်စဉ်ခါဝယ်
ချမ်းသာဆင်းရဲ ကောင်းဆိုးတွဲလို့
ကြုံမြဲဧကန် လောကဓံတည့်။
ကောင်းကျိုးချမ်းသာ ပြည့်စုံပါလည်း
ငါပဲတ,ဝ မာန်မထနှင့် ၊
ရှိမျှလုံးစုံ ကံဟောင်းကုန်က
နေ့ညမခံ တဖန်ဆင်းရဲ တွေ့ကြုံမြဲတည့်။
အလားထို့တူ ကံဆိုးကူ၍
အပူသောက ကြုံရတလွဲ
ကြံမြဲမဖြစ် စိတ်မညစ်နှင့် ၊
ဆိုးပြစ်ထိုကံ ကုန်ဆုံးပြန်က
တဖန်ကောင်းကျိုး ပေးရိုးအမှန် မြဲဧကန်တည့်။
ကောင်းလည်းမာန်ချိုး ဆိုးလည်းသည်းခံ
လောကဓံကို ခံ,စံသည့်ခါ
တည်ငြိမ်စွာဖြင့် မေတ္တာပိုင်ခိုင်
ရင်ဆိုင်နိုင်မှ လောကသာယာ
လူ့ပြည်ရွာမှာ နေပါကျိုးနပ် ရှင်သန်အပ်တည့်။
ချမ်းသာဆင်းရဲ ကောင်းဆိုးတွဲလို့
ကြုံမြဲဧကန် လောကဓံတည့်။
ကောင်းကျိုးချမ်းသာ ပြည့်စုံပါလည်း
ငါပဲတ,ဝ မာန်မထနှင့် ၊
ရှိမျှလုံးစုံ ကံဟောင်းကုန်က
နေ့ညမခံ တဖန်ဆင်းရဲ တွေ့ကြုံမြဲတည့်။
အလားထို့တူ ကံဆိုးကူ၍
အပူသောက ကြုံရတလွဲ
ကြံမြဲမဖြစ် စိတ်မညစ်နှင့် ၊
ဆိုးပြစ်ထိုကံ ကုန်ဆုံးပြန်က
တဖန်ကောင်းကျိုး ပေးရိုးအမှန် မြဲဧကန်တည့်။
ကောင်းလည်းမာန်ချိုး ဆိုးလည်းသည်းခံ
လောကဓံကို ခံ,စံသည့်ခါ
တည်ငြိမ်စွာဖြင့် မေတ္တာပိုင်ခိုင်
ရင်ဆိုင်နိုင်မှ လောကသာယာ
လူ့ပြည်ရွာမှာ နေပါကျိုးနပ် ရှင်သန်အပ်တည့်။
U Hlaing Kyaw Tun (14-4-2022)

No comments:
Post a Comment