ရင်တွင်ပယ်ဖြတ် ငါသတ်မှတ်သည်
"အလောဘသမား" ဖြစ်စေမည်။
ဒေါသမာန်ဝင် စိတ်ရိုင်းဆင်ကို
အစဉ်ချွန်းအုပ် ငါထိန်းချုပ်မည်
"အဒေါသသမား" ဖြစ်စေမည်။
ဒု-သုမကွဲ ဒွိစွဲစိတ်ကို
ရင်သိုမထား ငါပယ်ရှားမည်
"အမောဟသမား" ဖြစ်စေမည်။
လောဘဒေါသ မောဟပယ်ခွာ
နေနိုင်ပါမှ လူ့ရွာလောက
နေခဏမှာ သောကလည်းကင်း
ပူပင်ကင်းကွာ ရင်တွင်းအေးမြ
ငြိမ်းအေးရမည်ငါယုံကြည်
"တိဟိတ်သမား" ဖြစ်စေမည်။
U Hlaing Kyaw Tun (13-4-2022)

No comments:
Post a Comment