ကျွန်တော်တို့ဘဝမှာ အရေးပါဆုံးစကားလုံးလေးတစ်ခုရှိတယ်။ ဘာလဲဆိုတော့ "နားလည်မှု" ဆိုတာပါပဲ။
နားလည်မှု မရှိတဲ့အခါ..
မိဘနဲ့သားသမီး ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
ညီအစ်ကိုမောင်နှမ ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
လင်နဲ့မယား ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးတွေ ထိုခိုက်လာတယ်..။
ချစ်သူသမီးရည်းစား ဆက်ဆံရေးတွေထိခိုက်လာတယ်..။
နားလည်မှုဆိုတာ လူတစ်ဦးနဲ့တစ်ဦး လူမှုဆက်ဆံရေးမှာ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ဖို့အတွက် အဓိက ဆက်သွယ်ရေးကိရိယာတစ်ခုပါပဲ..။ ပြီးတော့ နားလည်မှုဆိုတာ နာကျင်မှုတွေကို ဖျက်စီးပေးနိုင်တဲ့တစ်ခုတည်းသောအရာပဲ..။
လူတစ်ယောက်ရဲ့ စိတ်ကို သင်နားလည်မယ်ဆိုရင် အဲဒီလူအပေါ််မှာ..
တခြားသူတွေထက် မေတ္တာထားမိလိမ့်မယ်..။
တခြားသူတွေထက် ပိုဂရုစိုက်မိလိမ့်မယ်..။
တခြားသူတွေထက် နွေးထွေးမှုတွေပိုပေးမိလိမ့်မယ်..။
နားလည်မှုဆိုတာ ကိုယ်ဆီမှာ ရှိရုံနဲ့ပြီးရောလားဆိုတော့..
သင်က တစ်စုံတစ်ယောက်အပေါ််မှာ နားလည်မှုထားနိုင်မယ်ဆိုရင်
သူနဲ့ပေါင်းသင်းဆက်ဆံဖို့ရာ အဆင်ပြေနေပေမယ့်လည်း..
အဲဒီ တစ်စုံတစ်ယောက်က သင့်ကို နားလည်မှုမပေးနိုင်ဘူးဆိုရင်..
အဲဒီလူအနေနဲ့ သင့်ကို ပေါင်းသင်းဆက်ဆံဖို့အတွက် ခက်ခဲနေမှာပါ..။
ဒါကြောင့်မို့ တစ်ဖက်သတ်နားလည်မှုက ပြီးပြည့်စုံတဲ့ လူမှုဆက်ဆံရေးကို မရရှိစေပါဘူး..။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်နားလည်မှု ရှိနေမှသာ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အနာဂတ်အကျိုးရလာဒ်ကောင်းတွေ ဖြစ်ထွန်းစေမှာပါ..။
အားလုံးပဲ နားလည်မှုတွေ ရှိကြပါစေ...။
U Hlaing Kyaw Tun

No comments:
Post a Comment