နှလုံးသားရေးရာအဆင်မပြေပေမယ့်
စိတ်မပျက်နဲ့ သူငယ်ချင်း..။
အဲဒါ မင်းရဲ့ဘဝ မဟုတ်ဘူး အိမ်မက်ဆိုးတစ်ခုပါ..။
အိမ်မက်မကောင်းတာနဲ့ပဲ ပြင်ပဘဝမှာ ငိုကြွေးမနေပါနဲ့..။
မင်းအတွက် စောင့်နေတဲ့ အခွင့်အရေးကောင်းတွေ လွတ်သွားမယ်..။
လွမ်းဆွေးတမ်းတမှုနဲ့ အဝေးကို မျှော်ငေးနေမိတဲ့ခါ
မင်းအနားမှာရှိတဲ့ သူတွေကို မင်းမြင်နိုင်တော့မှာ မဟုတ်ဘူး..။
မင်းအနားမှာ မင်းကိုဂရုစိုက်တဲ့ မိသားစုဝင်တွေ ရှိတယ်..။
မင်းဘက်က ရပ်တည်ပေးမယ့် သူငယ်ချင်းတွေ ရှိတယ်..။
မင်းအတွက် ပေးဆပ်မယ့် တချို့သူလဲ ရှိနေလိမ့်မယ်..။
သူတို့က ပျော်ရွင်မှုပေးပေမယ့် မင်း မပျော်နိုင်တဲ့အခါ
သူတို့ရင်ထဲ ဘယ်လိုခံစားရမလဲ တွေးကြည့်ပါ..။
ကိုယ့်ကိုမလိုအပ်သူ တစ်ယောက်အတွက်
ကိုယ့်ကိုလိုအပ်နေတဲ့သူတွေ စိတ်မပျက်စေပါနဲ့ သူငယ်ချင်း..။
အဝေးရောက်နေတဲ့ စိတ်တွေပြန်ခေါ်ပြီး အမြင်သစ်တွေနဲ့
အနားမှာ မင်းအတွက်ရှိနေတဲ့သူတွေကို မြင်အောင်ကြည့်ပါ..။
သူတို့ကိုတွေ့တဲ့တစ်နေ့ မင်း အဆင်မပြေတာတွေ
ပျောက်သွားလိမ့်မယ်..။
သူငယ်ချင်းရေ..
အဆင်မပြေဘူးဆိုတာ..
အဆင်ပြေအောင် မနေတတ်သေးလို့ပါကွာ... ။ ။
သူတို့ကိုတွေ့တဲ့တစ်နေ့ မင်း အဆင်မပြေတာတွေ
ပျောက်သွားလိမ့်မယ်..။
သူငယ်ချင်းရေ..
အဆင်မပြေဘူးဆိုတာ..
အဆင်ပြေအောင် မနေတတ်သေးလို့ပါကွာ... ။ ။
U Hlaing Kyaw Tun

No comments:
Post a Comment