ဈေးဆစ်ခြင်း




စျေးဝယ်တဲ့အခါ
ကိုယ်ဝယ်တဲ့ ပစ္စည်းတစ်ခုရဲ့
တန်ရာတန်ကြေးကို သိရပါမယ်..၊

စျေးရောင်းသူက
တန်ရာတန်ကြေးထက်
အမြတ်ပိုတင်ထားရင်စျေးဆစ်ပါ..
တန်ရာတန်ကြေးမရရင် မဝယ်ပါနဲ့
ဝယ်မိရင် စျေးရောင်းသူကို
မတော်လောဘစိတ် မွေးပေးလိုက်မိတာပါပဲ..။

အဲလိုမဟုတ်ပဲ
တန်ရာတန်ကြေး တန်ဖိုးတစ်ခု
သတ်မှတ်ထားတဲ့ ပစ္စည်းဆိုရင်တော့
နည်းနည်းလေးမှ စျေးမဆစ်မိပါစေနဲ့..
စျေးဆစ်မိရင် သင့်ကိုယ်သင်
မတော်လောဘစိတ် မွေးပေးလိုက်သလို
ဖြစ်သွားပါလိမ့်မယ်..။

U Hlaing Kyaw Tun

No comments: