ပိုင်ဆိုင်မှုရဲ့ အဆုံးသတ်က စွန့်လွှတ်ခြင်းပဲ။
ဘယ်လောက်ပဲ မြတ်နိုးခဲ့ မြတ်နိုးခဲ့..
ဘယ်လောက်ပဲ တွယ်တာခဲ့ တွယ်တာခဲ့..
စွန့်လွှတ်ဖို့အကြောင်းဖန်လာပြီဆိုရင်
ဘယ်လိုမှ ဆွဲထားလို့မရဘူး..။
စွန့်လွှတ်ချင်သည်ဖြစ်စေ၊ မစွန့်လွှတ်ချင်သည်ဖြစ်စေ
စွန့်လွှတ်လိုက်ရမှာ အသေအချာပါပဲ..။
တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရတော့မယ်ဆိုရင်
မသိစိတ်မှာ အလိုလိုခံစားမိလာတတ်ပါတယ်..။
ဆုံးရှုံးရတော့မယ်ဆိုတာ ကြိုသိနေရတတ်ပါတယ်..။
အဲလိုမျိုး ဖြစ်လာပြီဆိုရင်..
တွယ်တာမိတဲ့ သံယောဇဉ်ကို တဖြည်းဖြည်း လျော့ပစ်ပါ..။
တခြားအာရုံတစ်ခုကို အစားထိုးပြောင်းလဲနိုင်ဖို့ ကြိုးစားပါ..။
သတိရစရာတွေကို ကိုယ်မမြင်ကွယ်ရာမှာ သိမ်းဆည်းပါ..။
အဆိုးဆုံးကို ကြိုတွေးထားပြီး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါ..။
မျက်ရည်ကျမယ့်အစား
အရာရာအဆင်ပြေဖို့ ဆုတောင်းပေးပါ..။
စွန့်လွှတ်ခြင်းအလွန် နေ့ရက်တွေအတွက် အနာဂတ်တစ်ခု ပန္နက်ချပါ..။
လက်တွေ့လုပ်ဖို့ ခက်ခဲပေမယ့်
စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်မှာ သောကတွေမပါလာဖို့ ကောင်းတဲ့နည်းလေးတွေပါပဲ..။ ။
U Hlaing Kyaw Tun

No comments:
Post a Comment