အောင်မြင်မှုဆိုတာ အခက်အခဲတွေနဲ့တည်ဆောက်ထားတာပါ..။
“ လဲကျမှုတွေက ပိုပြီးသန်မာစေတယ်..။
ကျရှုံးမှုတွေက ပိုပြီးတော့ ခွန်အားဖြစ်စေတယ်..။ “
ဇွဲ၊ လုံ့လ ၊ဝီရိယ ပေါင်းစပ်ထားတဲ့ ကြိုးစားမှုက
အချိန်တန်လာတဲ့အခါ အောင်မြင်မှူကို ဆောင်ကျဉ်းပေးမှာပါ..။
အောင်မြင်တဲ့ ဘဝ ကိုလိုချင်ရင်..
ကျရှုံးမှူတွေကနေ ရူန်းထွက်ပါ..။
မှားယွင်းမှုတွေကနေ သင်ခန်းစာယူပါ..။
ဆုံးရှုံးမှူတွေကို ပြန်မတမ်းတပါနဲ့..။
ဝေဖန်မှုတွေကို အလေးထားပါ..။
ကဲ့ရဲ့မှုတွေကို မကြားချင်ယောင်ဆောင်ပါ..။
တိုက်ခိုက်မှုတွေကို ရင်ဆိုင်ပါ..။
ဘဝမှာ ဘယ်အရာမှလွယ်လွယ်မရဘူး..။
အောင်မြင်မှူကို လိုချင်ရင် အောင်မြင်မှုနဲ့ထိုက်တန်တဲ့
အနေအထိုင် ၊ အပြောအဆို ၊ စိတ်နေစိတ်ထား ကိုတော့ နှလုံးသားမှာ မွေးမြူထားရမယ်..။
U Hlaing Kyaw Tun
(2023.1.1)
No comments:
Post a Comment